Breaking

2024  ASEAN Smoke Free Tovrisn ပြိုင်ပွဲ ဝင်ရောက်ယှဉ်ပြိုင်နိုင်ရေး ကျိုက္ခမီ‌ရေလယ်ဘုရားအား ဆေးလိပ်ငွေ့ကင်းစင်နယ်မြေသတ်မှတ်

၂၀၂၃ အောက်တိုဘာ ၃၀
    ၂၀၂၄ ခုနှစ် ASEAN Smoke Free Tovrisn ပြိုင်ပွဲ ဝင်ရောက်ယှဉ်ပြိုင်နိုင်ရန် မွန်ပြည်နယ် သံဖြူဇရပ်မြို့ရှိ ကျိုက္ခမီ‌ ရေလယ်ဘုရားကို ဆေးလိပ်ငွေ့ကင်းစင် နယ်မြေအဖြစ် သတ်မှတ်လိုက်သည်။
    ထို့ကြောင့် ကျိုက္ခမီ‌ရေလယ်ဘုရား ပရဝဏ်တစ်ခွင် ဆေးလိပ်ငွေ့ကင်းစင်ရေး ဆိုင်းဘုတ်တင် အခမ်းအနားကို အောက် တိုဘာ ၂၉ရက်က ကျင်းပခဲ့သည်။ 
    "ဆေးလိပ်ငွေ့ကင်းစင်ဖို့အတွက် ဆေးလိပ်ငွေ့ကင်းစင်သွားအောင် ဟောပြောပွဲတွေ လုပ်သွား မယ်။ အဲ့ဒါအပြင် လုပ်ရှားမှု ဗီနိုင်းတွေ၊ လက်ကမ်းစာစောင်များနှင့် စတေကာကပ်တာတွေ လုပ်သွားမှာဖြစ်ပါတယ်"ဟု ကျန်းမာရေးဦးစီးဌာနမှ ပြောသည်။
    ဆေးလိပ်မသောက်ရ နယ်မြေများ သတ်မှတ်သကဲ့သို့ ဆေးလိပ်သောက်ခွင့်ရှိသော နေရာများ ကိုပါ သီးသန့်ထားရှိပေး မည်ဖြစ်ပြီး အခါအားလျော်စွာ စစ်ဆေးခြင်းများလည်း ဆောင်ရွက်သွား မည်ဖြစ်သည်။
    အစီအစဉ်အား အကောင်အထည်ဖော်ရခြင်းသည် ကျောင်းသားလူငယ်များ၊ ဒေသခံပြည်သူ များနှင့် ဝန်ထမ်းများအကြား ဆေးလိပ်သောက်သုံးမှု လျှော့ချနိုင်ရန်၊ ပတ်ဝန်းကျင်တွင် ဆေးလိပ်သောက်သုံးမှု မရှိစေရန်နှင့် ဆေးလိပ်ငွေ့မှတစ်ဆင့်  လူငယ်များအကြား မျိုးဆက်ပွား ကျန်း မာရေးအကြောင်း ပိုမိုသိရှိစေရန် ရည်ရွယ်ပြုလုပ် ခြင်းဖြစ်ကြောင်း သိရှိရသည်။
    လတ်တလောတွင် ကျိုက္ခမီရေလယ်ဘုရား ဗုဒ္ဓပူဇနိယပွဲတော်နှင့် မီးထွန်း ပွဲတော်ကို အောက်တိုဘာ ၂၈ ရက်မှ နိုဝင်ဘာ ၃ ရက်အထိ ခုနစ်ရက်တိုင် စည်ကား သိုက်မြိုက်စွာ ကျင်းပ လျက်ရှိသည်။

Total Views ~ 456

ဆက်စပ်အကြောင်းအရာများ

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

59703

© 2022 - 2026 News. All Rights Reserved.