Breaking

ASEAN Futsal Championship 2024 ပြိုင်ပွဲတွင် မြန်မာအသင်းအုပ်စုကျော်ဖြတ်ရေး အလားအလာကောင်းနေ

ရန်ကုန်၊ အောက်တိုဘာ ၂
    မြန်မာ့လက်ရွေးစင် ဖူဆယ်အသင်းသည် ထိုင်းနိုင်ငံတွင် အိမ်ရှင်အဖြစ်လက်ခံကျင်းပမည့် အာဆီယံဖူဆယ်ချန်ပီယံ ရှစ်ပြိုင်ပွဲတွင် အုပ်စု(ခ)၌ ပါဝင်ယှဉ်ပြိုင်ရမည်ဖြစ်ပြီး အဓိကပြိုင်ဘက်ဖြစ်သည့် အင်ဒိုနီးရှားအသင်းကို အဓိကထား ယှဉ်ပြိုင်ရမည်ဖြစ်ပြီး အုပ်စုအဆင့်ကျော်ဖြတ်နိုင်ရန် အလားအလာကောင်းနေသည်။
    မြန်မာ့လက်ရွေးစင်ဖူဆယ်အသင်းသည် ဆီဒင်သတ်မှတ်ချက်အရ မဲအိုးနံပါတ်(၂) တွင်ပါဝင်နေခဲ့ပြီး အုပ်စုများမဲနှိုက်ရာတွင် အုပ်စု(ခ)၌ အင်ဒိုနီးရှား၊ သြစတြေးလျ၊ ကမ္ဘောဒီးယားအသင်းများနှင့် ယှဉ်ပြိုင်ရမည် ဖြစ်သည်။ 
    ASEAN Futsal Championship 2024 ပြိုင်ပွဲအုပ်စု(က)တွင်မူ အိမ်ရှင် ထိုင်းအသင်း၊ ဗီယက်နမ်အသင်း၊ မလေးရှားအသင်း၊ အရှေ့ တီမောအသင်း၊ ဘရူနိုင်း အသင်းတို့ပါဝင်ယှဉ်ပြိုင် ရမည်ဖြစ်သည်။
    AFF Futsal Championship 2024 ပြိုင်ပွဲ အုပ်စုခွဲဝေမှုအပေါ် မြန်မာ့လက်ရွေးစင် ဖူဆယ်အသင်းနည်းပြချုပ် Mr. Bunlert Chorawong က "ကျွန်တော့်အနေနဲ့ အုပ်စုခွဲဝေမှုကို ကျေနပ်ပါတယ်။ အင်ဒိုနီးရှားနဲ့ပွဲက အခက်ခဲဆုံးပွဲဖြစ်မှာပါ။ သြစတြေးလျအသင်းကို အနိုင်ရရှိခဲ့ဖူးပေမယ့် သူတို့နဲ့ပွဲစဉ်ကို အာရုံစိုက်ကစားသွားမှာပါ"ဟု ပြောကြားသည်။
    မြန်မာ့လက်ရွေးစင် ဖူဆယ်အသင်းသည် ယင်းပြိုင်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်ရန်အတွက် စက်တင်ဘာ ၁၉ ရက်မှ စတင်ပြီး စခန်းသွင်းလေ့ကျင့်လျက်ရှိသည်။ ASE-AN Futsal Championship 2024 ပြိုင်ပွဲကို ထိုင်းနိုင်ငံတွင် နိုဝင်ဘာ ၂ ရက်မှ စတင် ကျင်းပသွားမည်ဖြစ်သည်။
    ထို့အပြင်ပဏာမ မြန်မာ့လက် ရွေးစင်အမျိုးသမီး ဖူဆယ်အသင်းသည် ဖိလစ်ပိုင်နိုင်ငံက နိုဝင်ဘာ ၁၆ ရက်မှ ၂၂ ရက်အထိ အိမ်ရှင်အဖြစ် လက်ခံကျင်းပမည့် အာဆီယံအမျိုးသမီး ဖူဆယ်ချန်ပီယံရှစ် ပြိုင်ပွဲဝင်ရောက်ယှဉ်ပြိုင်ရန်အတွက် စခန်းသွင်းလေ့ကျင့်မှုများကို စက်တင်ဘာ ၃၀ ရက် နံနက်ပိုင်းမှ စတင်ပြုလုပ်ခဲ့သည်။ ထူးမြတ်

Total Views ~ 554

ဆက်စပ်အကြောင်းအရာများ

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

59703

© 2022 - 2026 News. All Rights Reserved.