Breaking

CMP ကဏ္ဍ မြှင့်တင်ရေး လိုအပ်သော သွင်းကုန်များအတွက် လိုင်စင်လွယ်ကူရန် ကူညီပေးမည်

၂၀၂၄၊ ဖေဖော်ဝါရီ ၂၁
    CMP ပို့ကုန်တိုးမြှင့်တင်ပို့နိုင်ရန်  လိုအပ်သော သွင်းကုန်များအတွက် လိုင်စင်လွယ်ကူရန် ကူညီသွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံ အထည်ချုပ်လုပ်ငန်းရှင်များ အသင်းမှ အသိပေးထားသည်။
    အထည်ချုပ် လုပ်ငန်းရှင်များအသင်းက ကုန်စည်စီးဆင်းမှု မှန်ကန်မြန်ဆန်ရေး လုပ်ငန်းကော်မတီ အတွင်းရေးမှူး၏ လမ်းညွှန်ချက်ဖြင့် CMP ပို့ကုန်တို့မြှင်းရေးအတွက် လိုအပ်သောသွင်း အားစုများ၏ သွင်းကုန်လိုင်စင် လွယ်ကူစွာ ရရှိနိုင်ရေး အတွက် သတင်းအချက်အလက် တောင်းခံ စာကိုလည်း ဖေဖေါ်ဝါရီ ၁၄ ရက် ရက်စွဲဖြင့် အထည်ချုပ်လုပ်ငန်းရှင်များ အသင်းဝင် စက်ရုံ/ကုမ္ပဏီများအား ပေးပို့ထားကြောင်း သိရသည်။
    ထို့အပြင် လိုအပ်သော သွင်းအား စုများဖြစ်သည့် စက်၊ စက်အရံပစ္စည်း၊ စက်ဆီချောဆီ၊ CMP အထည်ချုပ်လုပ်ငန်း တွင်သုံးသည့် ဓာတုပစ္စည်းများ၏ သွင်းကုန်လိုင်စင်များ လွယ်ကူစွာ ရရှိနိုင်ရေးအတွက် မြန်မာနိုင်ငံ အထည်ချုပ်လုပ်ငန်းရှင်များအသင်းက ကူညီဆောင်ရွက်ပေးမည် ဖြစ်ကြောင်း အဆိုပါ အကြောင်းကြားစာတွင် ဖော်ပြထားသည်။
    ယင်းကြောင့် မြန်မာနိုင်ငံ အထည်ချုပ်လုပ်ငန်းရှင်များအသင်း၊ အသင်း ဝင်စက်ရုံများအနေဖြင့် ပူးတွဲဇယားများအား Excel Sheet ဖြင့် ဖြည့်စွက်၍ Soft Copy  ကို ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလ ၁၆ ရက် တွင်  mgma@ myanmar garments.org သို့ပေးပို့ရန် အကြောင်းကြားထားခြင်း ဖြစ်သည်။

Total Views ~ 400

ဆက်စပ်အကြောင်းအရာများ

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

59703

© 2022 - 2026 News. All Rights Reserved.