Breaking

EV နည်းပညာသင်တန်းများကို တက္ကသိုလ်၊ သိပ္ပံများတွင် လေ့ကျင့်သင်ကြားပေးရန် စီ စဉ်ဆောင်ရွက်နေ

၂၀၂၄ ၊ ဇန်နဝါရီ ၂၃
    လက်ရှိတွင် EV လျှပ်စစ်ကားများ ခေတ်စားလာသည့်အလျောက် EV (Electric Vehicle) နည်းပညာ သင်တန်းများကို အရည်အသွေးပြည့်မီစွာ ဖွင့်လှစ်၍ ကျွမ်းကျင်သူများကို မွေးထုတ်လျက်ရှိပြီး တက္ကသိုလ်၊ သိပ္ပံများတွင်လည်း လေ့ကျင့်သင်ကြားပေးရန် စီစဉ်ဆောင်ရွက်နေကာ EV သုတေသနများလည်း ဆောင်ရွက်နေကြောင်း သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအောင် ဇေယျက ပြောသည်။
    မြန်မာနိုင်ငံတွင် ၂၀၅၀ ပြည့်နှစ်တွင် ကာဗွန်ထုတ်လွှတ်မှုကင်းစင်ရေးကို ဦးတည်ဆောင်ရွက်လျက်ရှိပြီး  အခြားနိုင်ငံများ နည်းတူ EV ကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် ဦးဆောင်ကော်မတီမှ ၂၀၅၀ ပြည့်နှစ်အထိ မူဝါဒများကို ချမှတ်ဆောင်ရွက်လျက်ရှိကြောင်း ဇန်နဝါရီ ၂၂ ရက်က ပြုလုပ်သည့် EV အန္တရာယ်ကင်းရှင်းရေး အသိပညာပေးနှင့် နည်းပညာပြန့်ပွားရေး ဟောပြောပွဲ အခမ်းအနားတွင်  ပြောကြားခဲ့သည်။
    ထို့ပြင် လျှပ်စစ်သုံးယာဉ် ဘက်ထရီ စွန့်ပစ်ပစ္စည်း စီမံခန့်ခွဲမှုဆိုင်ရာမူဝါဒ (မူကြမ်း)ကို ရေးဆွဲလျက်ရှိပြီး EV သုံးစွဲမှုမှ ရရှိမည့် အကျိုးကျေးဇူးများနှင့် သုံးစွဲသူများ ဘေးအန္တရာယ်ကင်းရှင်းစွာ သတ်မှတ်စံနှုန်း၊ ညွှန်ကြားချက်များနှင့်အညီ အသုံးပြုနိုင်ရေး EV ဆိုင်ရာ အသိပညာပေးနှင့် နည်းပညာ ပြန့်ပွားရေး အစီအစဉ်များကို ထိရောက်ပီ ပြင်စွာ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဆို သည်။ 
    ဟောပြောပွဲ အခမ်းအနားသို့ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာနမှ တာဝန်ရှိသူများ၊ မြန်မာနိုင်ငံ အင်ဂျင်နီယာကောင်စီနှင့် မြန်မာနိုင်ငံ အင်ဂျင်နီယာအသင်းတို့မှ တာဝန်ရှိသူများ၊ အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများ၊ မန္တလေးတိုင်းဒေသကြီး စက်မှုလုပ်ငန်းရှင်များအသင်းမှ တာဝန်ရှိသူများ၊ AGTI Society နှင့် GTHS Society မှ တာဝန်ရှိသူများ၊ Electric Vehicle တင်သွင်း အသုံးပြုသော ကုမ္ပဏီများ၊ Electric Vehicle Charging Station တည် ဆောက်နေသော ကုမ္ပဏီများ၊ Electric Vehicle ဆိုင်ရာ အာမခံကုမ္ပဏီများ၊ မန္တလေးတိုင်းဒေသကြီးအတွင်းရှိ ကားပြင်အလုပ်ရုံကြီးများမှ ကိုယ်စားလှယ်ကြီး များနှင့် ကျောင်းသားကျောင်းသူများ တက်ရောက်ခဲ့ သည်။
    ထို့ကဲ့သို့ မူဝါဒများချမှတ်ဆောင်ရွက်မှုအရ လက်ရှိတွင် မန္တလေးတိုင်းဒေသကြီး ငါန်းဇွန်မြို့နယ် မြို့သာစက်မှုဥယျာဉ် မြို့တော်တွင် လျှပ်စစ်ကား EV ထုတ်လုပ်သည့် စက်ရုံများတည်ဆောက်ရေး ဆွေးနွေးမှုများ ပြုလုပ်နေကြောင်း မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့နှင့် အကျိုးတူပူးပေါင်း ဆောင်ရွက်နေသည့် Mandalay Myotha Industrial Development Public Co., Ltd. မှ ပြောထားသည်။

Total Views ~ 445

ဆက်စပ်အကြောင်းအရာများ

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

59704

© 2022 - 2026 News. All Rights Reserved.