Breaking

K&K Aesthetic Clinic ၏ ဒုတိယအကြိမ်မြောက် ဆိုင်ခွဲဖွင့်လှစ်

၂၀၂၃ နိုဝင်ဘာ ၂၀
    K&K Aesthetic Clinic ၏ ဒုတိယအကြိမ်မြောက် ဆိုင်ခွဲဖွင့်လှစ်ခြင်းကို နိုဝင်ဘာ ၁၈ ရက်တွင် အလံပြဘုရားလမ်းရှိ Shine တာဝါ ခုနစ်လွှာတွင် ဖွင့်လှစ်ခဲ့ရာ အနုပညာရှင်များစွာ တက်ရောက်ခဲ့ကြောင်း သိရသည်။
    "အခုက ုရု K&K Aesthetic Clinic ဆိုင်ခွဲ(၂)ဖွင့်လှစ်တာပါ။ ဒီလိုဆိုင်တွေများ လာတာက ခေတ်ကာလကြာလာတာနဲ့အမျှ လူတွေက အလှအပက အရေးကြီးလာပြီဆို တာကို သိလာကြတယ်။ ကိုယ့်ရဲ့ နုပျိုမှုကို ထိန်းသိမ်းချင်တာပဲဖြစ်ဖြစ် အခုက အလှ ပြင်လာကြတယ်။ အခုက ခေတ်မီလာတယ် လို့လည်း ပြောလို့ရတယ်။ ဒါကြောင့် ဆေးခန်းလေးတွေ ဖွင့်ဖြစ်နေကြတာပါ။ အလှအပနဲ့ ပတ်သက်ပြီး တော့ ရွေးချယ်မှုတော့ လိုတယ်။ ကျွမ်းကျင်မှုရှိတဲ့ ဆရာဝန်၊ ဆရာမတွေကို ရွေးချယ်ဖို့တော့လိုတယ်။ အဓိက ဒီအလှအပလောကက ကျွမ်းကျင်မှုရှိတဲ့ သူကို ရွေးချယ်မှုမှန်ဖို့လိုတယ်။ အစ်မတို့ ဆိုရင် လိုအပ်တာတွေကိုပဲ ပြုပြင်ပေးတယ်။ အစ်မတို့ဆိုင်က ဈေးနှုန်းနဲ့ပတ်သက်ပြီးတော့ အသင့်အတင့် လေးတွေ လုပ်ပေးထားတယ်။ အစ်မတို့ကတော့ ဆိုင်မှာလာရောက် အားပေးတဲ့သူ အားလုံးကိုမေတ္တာ၊ စေတနာအပြည့်နဲ့ လိုအပ်တာလေးတွေကို ကူညီဆောင်ရွက်ပေးတယ်။ ဆွေးနွေးပေးပါတယ်။ အနုပညာရှင် ဆယ်လီတွေကတော့ အများကြီးပဲ။ မနှိုင်းယှဉ်မြင့်မိုရ်ဆိုရင် ပင်တိုင်ပဲ။ မဆင့်၊ မပွင့်နဒီမောင်၊ ကိုညီနန္ဒ၊ မကြာညို၊ မေမီကိုကိုစတဲ့ ဆယ်လီတော်တော်တော် များများလည်း လာလုပ်ကြတယ်"ဟု K&K Aesthetic Clinic  မှ မမျိုးက ပြောကြားခဲ့ သည်။
    လက်ရှိတွင် K&K Aesthetic Clinic ဆိုင်ကို သင်္ဃန်းကျွန်းတွင် ဖွင့်လှစ်ထားကာ၊ ယခုဆိုင်သည် ဆိုင်ခွဲ(၂) ဖြစ် ကြောင်း၊ K&K Aesthetic Clinic တွင် ဆိုင်ဖွင့်လှစ်ခြင်းအနေဖြင့် တစ်ပတ်အတွင်း ရာခိုင်နှုန်း ၅၀ ပရိုမိုးရှင်းပေးထားကြောင်း၊ K&K Aesthetic Clinic ဆိုင်တွင် အလှအပရေးရာနှင့်ပတ်သက်၍ ဆောင်ရွက် ပေးရတွင် ဈေးနှုန်းချိုသာစွာဖြင့် ဆောင်ရွက်ပေး သည့်အပြင် အလှအပရေးရာနှင့် ပတ်သက်၍ လာရောက်တိုင်ပင်ဆွေးနွေးရန်အတွက်လည်းဖိတ်ခေါ်ကြောင်း K&K Aesthetic Clinic မှ မမျိုးက ထပ်မံပြော ကြားခဲ့သည်။

Total Views ~ 421

ဆက်စပ်အကြောင်းအရာများ

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

59704

© 2022 - 2026 News. All Rights Reserved.