Breaking

MSF မှ ဖွင့်လှစ်သည့် လုပ်ငန်းခွင်သုံး အင်္ဂလိပ်စာ အခမဲ့သင်တန်း အမှတ်စဉ်(၃)မှ သင်တန်းသား သင်တန်းသူများအား သင်္ဘောပေါ်၌ လက်တွေ့သင်ကြားပို့ချ

ရန်ကုန်၊ သြဂုတ် ၂၈
    MSF မှ ကြီးမှူးဖွင့်လှစ်သည့် လုပ်ငန်းခွင်သုံး အင်္ဂလိပ်စာအခမဲ့သင်တန်း အမှတ်စဉ် (၃) မှ သင်တန်းသား သင်တန်းသူများအား လက်တွေ့သင်ကြားခြင်းနှင့် လေ့လာရေးအစီအစဉ်ကို သြဂုတ် ၂၆ ရက် မွန်း လွဲ ၁ နာရီက ရန်ကုန်မြို့ ဗိုလ်တထောင် အမှတ်(၆)ဆိပ်ခံတံတားရှိ Vintage Luxury Yacht Hotel ၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။
    အဆိုပါ လေ့လာရေးခရီးစဉ်ကို MSF မှ Vintage Luxury မှ တာဝန်ရှိသူများနှင့် ညှိနှိုင်းစီစဉ်ပေးခြင်းဖြစ်ပြီး အင်္ဂလိပ်စာ  သင်တန်းဆရာမ ဒေါ်ချိုချိုပြုံးနှင့် လက်တွေ့သင်ကြားရေး ဆရာမတစ်ဦးတို့လိုက်ပါ၍ သင်တန်းသားသင်တန်းသူ ၄၀ အားစာတွေ့ လက်တွေ့ရှင်းလင်းသင်ကြားပေးခြင်းဖြစ်ကြောင်း သိရသည်။
    အင်္ဂလိပ်စာဆရာမ ဒေါ်ချိုချိုပြုံး က " Vintage Luxury Yacht Hotel က ရေကြောင်းမှာ ရွေ့လျား သွားလာနေတာမဟုတ်သော်လည်း သင်္ဘောပေါ်မှာ တည်ဆောက်ထားတဲ့ ဟိုတယ်စနစ်ပုံစံဖြစ်တဲ့အတွက် သင်တန်းသား၊ သင်တန်းသူတွေကို လက်တွေ့ သင်ခန်းစာအဖြစ် လေ့လာသင်ကြားစေတာ ဖြစ်ပါတယ်။ အင်္ဂလိပ်စာသင်တန်းဆိုတဲ့နေရာမှာ သင်္ဘောနဲ့ပတ်သက်တဲ့ လုပ်ငန်းအပြင် ဟိုတယ်နဲ့ ပတ်သက်တဲ့ သင်ခန်းစာကိုလည်း သင်ကြားပေးနေပါတယ်။ ဆရာမတို့အနေနဲ့ စာတွေ့ချည်းသင်ကြား ပေးတာမျိုးမဟုတ်ဘဲ တကယ့်လက်တွေ့မှာ ဆောင်ရွက်လုပ်ကိုင်ရမယ့် ဗဟုသုတများကိုလည်း ပြန်လည်မျှေ၀ ပေးလျက်ရှိပါတယ်"ဟု ပြောကြားခဲ့သည်။
    MSFrS မှ ကြီးမှူးဖွင့်လှစ်သည့် လုပ်ငန်းခွင်သုံး အင်္ဂလိပ်စာအခမဲ့သင်တန်း အမှတ်စဉ်(၃)ကို ပြီးခဲ့သည့် သြဂုတ် ၁၂ ရက် က ရန်ကုန်မြို့ ကျောက်တံတားမြို့နယ် အမှတ်(၅၃) ၃၇ လမ်းရှိ MSF ရုံးချုပ်သင်တန်းခန်းမတွင် ကျင်းပခဲ့ခြင်းဖြစ်ပြီး သင်တန်းသား၊ သင်တန်းသူ ၄၀ တက်ရောက်ခဲ့ကြကြောင်းနှင့် သင်တန်းအပတ်စဉ်(၄) ကို စက်တင်ဘာလတွင် ဖွင့်လှစ်ရန် စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း သိရှိရသည်။
သက်မှူး

Total Views ~ 346

ဆက်စပ်အကြောင်းအရာများ

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

59704

© 2022 - 2026 News. All Rights Reserved.