Breaking

So တေးရေးတေးဆိုပြိုင်ပွဲကြီး၏ Winnerဆုများကို တေးရေးဉာဏ်လင်းထွဋ်နှင့် တေးဆို ဉာဏ်လင်းထက်တို့ရရှိ

၂၀၂၃ အောက်တိုဘာ ၈

“So"တေးရေးတေးဆိုပြိုင်ပွဲကြီးရဲ့ Grand Finalပွဲကြီးကို အောက်တိုဘာ၇ရက်က ရွှေထွဋ်တင်ဝန်းမှာရှိတဲ့ Hexagon Complexမှာ ကျင်းပခဲ့ပြီး တေးရေးပြိုင်ပွဲမှာ ဉာဏ်လင်းထွဋ်နဲ့ တေးဆိုပြိုင်ပွဲမှာ ဉာဏ်လင်းထက်တို့က Winnerဆုတွေရရှိသွားပါတယ်။

Grand Final ပွဲကြီးမှာတော့ တေးရေးပြိုင်ပွဲမှာ ဆန်ခါတင်၆ယောက်၊ တေးဆိုပြိုင်ပွဲမှာ ဆန်ခါတင် ၆ယောက် ယှဉ်ပြိုင်ခဲ့တာလည်း ဖြစ်ပါတယ်။

Winnerဆုတွေရရှိသွားတဲ့ တေးရေးဉာဏ်လင်းထွဋ်နဲ့ တေးဆိုဉာဏ်လင်းထက်တို့ကို ဆုကြေးငွေ ကျပ်၄၅သိန်းစီ ချီးမြှင့်ခဲ့ပြီး ရွှေ FMကလည်း တစ်ယောက်ကို ကျပ်၁၀သိန်းစီ ချီးမြှင့်ခဲ့သလို SKY NET ရုပ်သံလိုင်းအခမဲ့တစ်နှစ်ကြည့်ရှုခွင့်တွေကိုလည်း ပေးအပ်ခဲ့ပါတယ်။

Grand Final ပွဲကြီးကိုတော့ တေးဂီတကို ချစ်မြတ်နိုးတဲ့ ပရိသတ်တွေ လာရောက်ကြည့်ရှုအားပေးခဲ့ကြသလို နိုင်ငံကျော်တေးသံရှင်တွေကလည်း တေးသီချင်းတွေနဲ့ သီဆိုဖျော်ဖြေခဲ့တာဖြစ်ပါတယ်။

“So"တေးရေးတေးဆိုပြိုင်ပွဲကြီးဟာဂီတကိုဝါသနာပါတဲ့ တေးရေး၊ တေးဆိုသူတွေကို မြေတောင်မြှောက်ပေးတဲ့ ပြိုင်ပွဲကြီးလည်း ဖြစ်ပါတယ်။

Total Views ~ 419

ဆက်စပ်အကြောင်းအရာများ

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

61515

© 2022 - 2026 News. All Rights Reserved.