Breaking

အကြမ်းဖက်အဖွဲ့နှင့် ဆက်သွယ်သောမီးရထား CDM ဝန်ထမ်းတစ်ဦးကို ကျောက်ပန်းတောင်းတွင်ဖမ်းမိ

၂၀၂၂ ၊ ဒီဇင်ဘာ ၁
ရွာထောင်ဒီဇယ်စက်ခေါင်းစက်ရုံမှ CDM ဝန်ထမ်း တစ်ဦးသည် အကြမ်းဖက်အဖွဲ့များနှင့် ဆက်သွယ်သဖြင့်နိုဝင်ဘာလ ၃၀ ရက်နေ့ကဖမ်းဆီးရမိခဲ့သည်ဟုသိရသည်။
မီးရထားCDMဝန်ထမ်း အောင်ကျော်ကျော်သည် အကြမ်းဖက်အဖွဲ့များနှင့် ဆက်သွယ်ခဲ့သ​ဖြင့် နိုဝင်ဘာ ၃၀ ရက်နေ့က ကျောက်ပန်းတောင်းမြို့နယ်၊ ဆင်ဆင်းကျေးရွာတွင် ဖမ်းဆီးပြီး အကြမ်းဖက်ဥပဒေပုဒ်မ ၅၀ (ည)၊ ၅၂ (က) ဖြင့် အမှုဖွင့်လိုက်ကြောင်း သိရသည်။
အောင်ကျော်ကျော်သည် မဲဆောက်သို့ ထွက်ပြေးနေသော အင်ဂျင်နီယာမှူး ခင်မောင်ဦး၊ အင်းစိန်မြို့ပတ်ရထားပြုပြင်ရေးစက်ရုံမှ လက်ထောက်အထွေထွေမန်နေဂျာ ဦးလှဌေးတို့ဖြင့် ချိတ်ဆက်ပြီး CDM ပြုလုပ်သူ ရထားဝန်ထမ်းများကို ထောက်ပံ့ရန် ကျပ်သိန်း ၁၀၀ ယူပြီး ခွဲဝေပေးခဲ့ကြောင်း၊ အကြမ်းဖက်သတင်းများကို လူမှုကွန်ရက်တွင် ပြန်လည်ဖြန့်ဝေပေးခဲ့ကြောင်း၊ အကြမ်းဖက်အုပ်စုက ရောင်းသော ထီနှင့်ငွေတိုက်စာချုပ်များ ဝယ်ယူထားကြောင်း စစ်ဆေးပေါ်ပေါက်ခဲ့သဖြင့် နိုဝင်ဘာလ ၃၀ ရက် ညနေ ၃ နာရီတွင် ကျောက်ပန်းတောင်းမြို့မရဲစခန်း၌ အမှုဖွင့်အရေးယူခဲ့ကြောင်း သိရသည်။

Total Views ~ 464

ဆက်စပ်အကြောင်းအရာများ

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

61517

© 2022 - 2026 News. All Rights Reserved.