ရှမ်းပြည်နယ်အတွင်းရှိ မသန်စွမ်းသူ ၁၀၀ အတွက် မသန်စွမ်းမှတ်ပုံတင်လက်မှတ်များနှင့် တစ်ဦးလျှင် ကျပ် ၃သောင်းနှုန်းစီ ထောက်ပံ့


၂၀၂၂ ၊ နိုဝင်ဘာ ၂၉
ရှမ်းပြည်နယ် ဟိုပုံးမြို့နယ်အတွင်းရှိ မသန်စွမ်းသူ စုစုပေါင်း ၁၀၀ အတွက် မသန်စွမ်းမှတ်ပုံတင် လက်မှတ်များနှင့် တစ်ဦးလျှင် ငွေကျပ် ၃၀၀၀၀ နှုန်းဖြင့် ထောက်ပံ့ ကြေးငွေ ပေးအပ်ခဲ့ကြကြောင်း သိရသည်။
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် နိုဝင်ဘာ ၂၆ ရက် မွန်းလွဲပိုင်းက ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းတွင် ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးဆောင်သော တာဝန်ရှိသူများနှင့် အတူ တောင်ကြီးမြို့အခြေစိုက် စေတနာ့ဝန်ထမ်းအဖွဲ့အစည်းများ ပရဟိတဂေဟာများမှ ကိုယ်စားလှယ်များနှင့် တွေ့ဆုံခဲ့ပြီး မသန်စွမ်းသူများ မှတ်ပုံတင်လက်မှတ်နှင့် ထောက်ပံ့ငွေပေးအပ်ခြင်း အခမ်းအနားသို့ တက်ရောက်ခဲ့ကြသည်။
အဆိုပါ ထောက်ပံ့ငွေပေးအပ်ခြင်း အခမ်းအနားတွင် မသန်စွမ်းသူ ၁၀၀အတွက်မသန်စွမ်းမှတ်ပုံတင် လက်မှတ်များပေးအပ်ခဲ့ပြီး တစ်ဦးလျှင် ငွေကျပ် ၃၀၀၀၀ နှုန်းဖြင့် စုစုပေါင်း ၁၀၀ အတွက် ထောက်ပံ့ ကြေးငွေ ငွေကျပ် ၃၀၀၀၀၀၀ ကို ထောက်ပံ့ပေး အပ် ခဲ့ကြကြောင်း သိရသည်။

Total Views ~ 369

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

60614

© 2022 - 2026 News. All Rights Reserved.